အမ်း နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS)ဖြင့်မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်မှူးရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနား တွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော် ထက်က One Stop Service (OSS)ဖြင့်ရခိုင် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး မှူးဦးစီးဌာနမှ ဦးဆောင်၍ နိုဝင်ဘာ ၂၉ ရက်နေ့နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီအချိန်ထိ ရက်သတ္တ.နှစ်ပတ်ထိ အမှတ်(၃)စျေးရပ်ကွက်ရွှေအမ်းတောင်ခန်းမ၌ မှတ်ပုံတင်မဲ့မော်တော် ဆိုင်ကယ်များအား မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့်သက်တမ်းပြတ်(၅)နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဥ်များအားသက် တမ်းတိုးဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရှင်လင်းပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက ဌာနအလိုက်ဆောင်ရွက်မည့် အစီအမံ များအားဆွေးနွေးခဲ့သည်။
အဆိုပါမှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညနမှ မှတ် ပုံတင် ဆောင်ရွက်ခ(၃၁၉၀၀)ကျပ်၊မြန်မာ့အာမခံလုပ်ငန်းအာမခံကြေး(၄၁၅၀)ကျပ် မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး(၃၀၀၀)ကျပ် ဘဏ် ငွေသွင်းချလန်ကြေး(၅၀၀)ကျပ်နှင့် နိုင်ငံ ထုတ်မော်ဒယ် အမျိုးအစားအလိုက်ပေးသွင်းရမည့်ဒဏ်ကြေးများလည်း အခွန်ပေးသွင်းသွားရ မည်ဖြစ်ကြောင်း သိရသည်။
စိုးမင်းထွန်း