နောင်မွန်း နိုဝင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲရေးစွမ်းရည် ပိုမိုမြင့်မား လာပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တိကျလျင်မြန်မှုရှိလာစေရန်အတွက် စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အထက-နောင်မွန်းကျောင်း ထလမ်ရာဇီ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးသည်။ ယင်းအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းဆရာဆရာများ(၈၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်း၊ အလယ်တန်းကျောင်း၊ မူလွန်နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ် များနှင့် ကျောင်းတာဝန်ခံ ၃၉ ဦးတို့က နိုဝင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက် ကြာဆွေးနွေးသွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်