မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ကျောင်းသူများ အသုံးပြုမှုပိုမိုများပြားလာ

မန်တုံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာစောင်များ နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စာကြည့်တိုင်အသုံးပြုမှု ပိုမိုများပြား လာသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းရာတွင် ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို ကလေးစာပေနှင့်သက်ဆိုင်သော ရွှေသွေး၊ ကာတွန်း၊ ရုပ်ပြ၊ ပုံပြင် စာအုပ်များကို ငှားရမ်းပေးပြီး ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးခဲ့ရာ စာအုပ်များကို လာရောက်အပ်နှံကြရန်၊ ရိုရိုသေသေ ကိုင်တွယ်ဖတ်ရှုကြရန်နှင့် စာကြည့်တိုက်စာအုပ်ငှားရမ်းမှု စည်းမျဉ်းစည်းကမ်းများအတိုင်း ငှားရမ်းပေးခဲ့ပါသည်။

မန်တုံ(ပြန်/ဆက်)