တပ်ကုန်း နိုဝင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့်အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာတက်တိုး ရေးသားထားသည့် “စာဖတ်စည်းစိမ်”စာအုပ်ကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ - ပျဉ်းမနား)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ တက်တိုး ရေးသားထားသည့် “ စာဖတ်စည်းစိမ် ” စာအုပ်တွင် ပါရှိသည့် များများဖတ်မှ တတ်မယ်၊ အနုပညာနှင့်စာပေ၊ ကျွန်ပ်တို့ကံကောင်းကြပေသည်၊ သင်ကြိုက်ဖို့အတွက် ရေးပါ၊ စာအုပ်သမိုင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းအကြောင်း၊ စာအုပ်များအကြောင်း၊ တိုးတက်မှု၏အစ၊ ပျော်ပျော် နေပါခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် မြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် ဗိုလ်မင်းရောင်ရပ်ကွက်၊ ဦးကိုကြီး+ဒေါ်သန်းဋ္ဌေး (ရွှေဇင်ယော် ကုန်စုံဆိုင်)မိသားစုမှ သုတရသစာအုပ် (၁၅)အုပ် ပေးအပ်လှူဒါန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လက်ခံယူခဲ့ကြောင်း သိရသည်။
တင်စိုးလွင်