ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် (အင်္ဂလိပ်-သင်္ချာ) နုတ်ဖြေစွမ်း ရည်ပြိုင်ပွဲ ကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြော ကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အင်္ဂလိပ်/သင်္ချာ စွမ်းရည်နုတ်ဖြေပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်/သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀၄)ဦတို့မှ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ရေးဖြေစွမ်းရည်ပြိုင်ပွဲကို ဖြေဆိုလျက်ရှိရာ ယနေ့နိုဝင်ဘာလ (၂၁)ရက်နေ့တွင် နုတ်ဖြေစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ဖြေဆိုလျက်ရှိပြီး Grade5 မှ Grade9 ထိ အတန်းလိုက် တစ်တန်းလျှင် တစ်ဦးစီ ရွေးချယ်၍ ပြည်နယ်အဆင့်သို့ ဆက်လက်သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်မှ သိရသည်။

လှကျော်( ပြန်/ဆက်)