လဲချား နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကွန်ပျူတာ (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာ (အခြေခံ)သင်တန်းဆင်းပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Golden Lotus)တို့ပူးပေါင်း၍ ကွန်ပျူတာအခြေခံ စာစီ/စာရိုက်၊ ရုံးစာ၊ ဖိတ်စာ၊ အထွေထွေ သိမှတ်စရာများ၊ ဂရပ်ဖစ်ဒီဇိုင်း သင်ခန်းစာများကို နံနက်(၈)နာရီမှ ည (၇)နာရီအချိန်ထိ တန်းခွဲများအလိုက် (၁)လသင်ကြားပို့ချပေးခဲ့ပြီး သင်တန်း/သူ (၄၀)ဦးခန့် တက်ရောက်သင်ကြားကာ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များအား သင်တန်းသား/သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)