သံတွဲ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသည့်ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် သံတွဲမြို့မှ လှပျိုဖြူများကရခိုင်ရိုးရာ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက်ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ငပလီဆောင်းဦးပွဲတော်ကို ၂၀၁၉-ခုနှစ်တွင်ပထမ အကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ကိုဗစ်ရောဂါကူးစက်မှုနှုန်း ၅% အောက်စတင်ကျဆင်းချိန် နိုဝင်ဘာ (၁၄) ရက်နေ့တွင်ဒုတိယအကြိမ်၊ ယခု၂၀၂၂ခုနှစ်တွင် တည်ငြိမ် အေးချမ်းလျက်ရှိသော ရခိုင်ပြည် နယ်၏ ပြယုဂ်ကို ဖော်ညွှန်းသည့်အနေဖြင့်လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးဝါးပြင်းထန်သည့် ထိခိုက်မှုဆိုးကျိုးရလဒ် များကိုကျော်ဖြတ်ပြီး ၂၀၂၁ ခုနှစ်ခရီးသွား ရာသီကို ငပလီကမ်းခြေမှအစပြု၍ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်စတင်နေပြီဖြစ်သည်ကို ကမ္ဘာက သိနိုင်စေရေးအတွက်လည်းကောင်း၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ရခိုင်ပြည် နယ်ရဲ့ အဓိကခရီးစဉ်တစ်ခုဖြစ်သည့် ငပလီကမ်းခြေကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာလာရောက်အပန်း ဖြေအနားယူနိုင်ကြောင်း အသိပေးနှိုးဆော်သလို ရခိုင်ပြည်နယ်၏ခရီးသွားပုံရိပ်ကို မြှင့်တင်သည့်အနေဖြင့် သည့်အနေဖြင့် ငပလီ ကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပွဲတော်တွင် သဲသောင်ပြင်ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲများစွာကို ထည့်သွင်းကျင်းပသွားမည့်ဖြစ်သည့်အတွက် ဒေသခံများနှင့် လာရောက်လည်ပတ် သည့်ခရီးသွားဧည့်သည်များအားလုံး စိတ်နှလုံးရွှင်လန်းစွာ ပါဝင်ဆင်နွှဲကြစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဟပြီလ(၁၇)ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခဲ့ပြီး Tourist Visa ကို e-Visa အနေဖြင့် ခွင့်ပြုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပြည်ပ ဧည့်သည် (၆၀၉၂၆)ဦးဝင်ရောက်ခဲ့ပြီး ငပလီသို့ (၁၂၀၀)ကျော် လာရောက်ခဲ့ပါကြောင်း၊ လာရောက်သည့် အထဲတွင် Tourist Visa နှင့်လာရောက်သူ (၆၈)ဦးရှိသဖြင့် ကမ္ဘာ့ခရီးသွားလောကနဲ့ နိုင်ငံခြား သားခရီးသွားဧည့်သည်များ၏ ရင်ထဲမှာ ဒီနေ့အထိစွဲစွဲထင်ထင်ရှိနေတာကို တင်ပြလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကားပြောကြားရာတွင် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ အဓိကအပန်းဖြေခရီးစဉ်ဒေသဖြစ်သလို မြန်မာနိုင်ငံ၏ အထင်ရှားဆုံးကမ်းခြေတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအပြင် ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များကပါ အသိအမှတ်ပြု တန်ဖိုးထားသည့်ဒေသဖြစ်ကြောင်း၊ အာရှ၏အပျိုစင်ကမ်းခြေအဖြစ် တင်စားခေါ်ဝေါ်ကြပါကြောင်း ၊ ယခုလိုပြည်တွင်းပြည်ပမှ လာရောက် အပန်းဖြေလိုသည့် ခရီးသွားဧည့်သည်များ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပနိုင်သည့်အတွက် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုလိုပြည်တွင်း၊ ပြည်ပက အပန်းဖြေလိုကြသည့် ခရီးသွားလာသူများ ယခုနှစ်ခရီးသွားရာသီမှာ လွတ်လပ်ပျော်ရွှင်စွာလာရောက်နိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိရှိအောင် အတိအလင်းကြော်ငြာနိုင်တဲ့ အခမ်းအနားဖြစ်သည့်အတွက် ရခိုင်ပြည်နယ် အတွက်သာမက၊ မြန်မာနိုင်ငံအတွက်ပါ မင်္ဂလာရှိသည့်အခမ်းအနား ဖြစ်ပါကြောင်း၊ ဆောင်းဦးပွဲတော် ကျင်းပသည့် အကျိုးရလဒ်အနေဖြင့် မဟာသင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်အတွင်း ငပလီကမ်းခြေသို့ ပြည်တွင်းဧည့်သည် (၆၁၈၆)ဦးနှင့် ပြည်ပဧည့်သည် (၂၃၉)ဦးရှိခဲ့ပါကြောင်း၊ မတ်လ တစ်လလုံးတွင် ပြည်တွင်းဧည့်သည် (၅၅၆၆)ဦးနှင့် ပြည်ပဧည့်သည် (၁၁၈)ဦးကျော်ရှိခဲ့သဖြင့် ငပလီကမ်းခြေ ဧည့်သည်လာရောက်မှု သမိုင်းတွင်အောင် အမှတ်တရများပြားခဲ့သလို ကိုဗစ်-၁၉ အလွန်ဆိုရမည့်အချိန်တွင် ငပလီ ဒေသခံများအားလုံး ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်ပြီး ဝင်ငွေအသီးသီးရရှိခဲ့ကြသဖြင့် ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်း၏ အောင်ပွဲတစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ကြောင်းပြောကြားပြီးနောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)မှ ဦးဖိုးရီအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့သည်။ ထို့နောက် ရခိုင်ရိုးရာဖျော်ဖြေရေးယိမ်းအဖွဲ့များအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦး စီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြား ရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်တို့က ဂုဏ်ပြုဆုများချီးမြှင့်ပေး ကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် “ငပလီကမ်းခြေဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို ငပလီကမ်းခြေ သဲသောင်ပြင်တွင် ဆက်လက်ကျင်းပပြုလုပ်ရာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းဦးစီးချုပ် ဗိုလ်မှူး ချုပ်ကျော်ကျော်သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)မှ ဦးဖိုးရီအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် ဧည့်သည်တော်များက ဖျော်ဖြေတင်ဆက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)