ညောင်ဦးမြို့၌ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး နိုဝင်ဘာ ၂၀

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေးပတ်လည် အပြင်ဘက်တန်းတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဆိုင်၊ ပိုးသတ်ဆေး အရောင်းဆိုင်(၅)ဆိုင်တို့အား မန္တလေးတိုင်းဒေသကြီး၊ သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သင်းသင်းထက်(လက်ထောက် ညွှန်ကြားရေးမှူး)၊ တိုင်းမျိုးစေ့တာဝန်ခံ၊ ဒေါ်မင်းမင်းသွင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ တိုင်းမြေအသုံးချရေး တာဝန်ခံ ဒေါ်သက်သက်ထွန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ၊ မြေအသုံးချရေးတာဝန်ခံနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးညီညီထွန်း(ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် မြို့နယ်စီပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီ အချိန်မှ စတင်ကာကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးတာဝန်ခံများမှ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာဆိုင်(၅)ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသုံးစွဲခြင်း၊ မြန်မာစာအညွှန်းစာဖြင့် တရားဝင်ဆေးများ သာရောင်းချဖြန့်ဖြူးသွားရန်၊ ပိုးသတ်ဆေးလိုင်စင် သက်တမ်းကုန်ဆုံး နေသည့်ဆိုင်များကို သက်တမ်းတိုး၍ ဆက်လက်ရောင်းချရန်နှင့် ပိုးသတ်ဆေးရောင်းချသူများ (CPA) သင်တန်း တက်ရောက်ပြီးမှ ပိုးသတ်ဆေးရောင်းချရန်၊ ပိုးသတ်ဆေးစနစ်တကျ ထားသိုလှောင်ရောင်းချရန်၊ တရားမဝင်ဓာတ်မြေဩဇာ ရောင်းချခြင်းမပြုရန်၊ ပစ္စည်းအဝင်အထွက် ပစ္စည်းမှတ်တမ်းရေးသွင်းရန်၊ မျိုးစေ့ရောင်းချသည့် ဆိုင်များအား လိုင်စင်လျှောက်ထားပြီးမှ ရောင်းချရန်တို့အား ခံဝန်ကတိထိုးသတိပေးမှာ ကြားခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ