ဗဟန်းမြို့နယ်အတွင်း အနှေးယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်း ဆောင်ရွက်

ဗဟန်း နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော စက်ဘီး၊ လူစီးဆိုက်ကား၊ အနှေးယာဥ်များအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်း၊ ရောင်ပြန်စတေကာများ အခမဲ့တပ်ဆင်ပေးခြင်းကို ရေတာရှည် (၃)လမ်း၊ အုတ်လမ်း၊ ဗဟန်း (၃)လမ်းတို့၌ ယမန်နေ့နံနက်(၉း၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ ပူးပေါင်း၍ ယာဥ်မောင်းသူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးခြင်း၊ အနှေးယာဥ်များ (လူစီးဆိုက္ကား)စက်ဘီးများကို ယာဥ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်များ တပ်ဆင်ပေးခြင်း၊ လိုက်နာရမည့် နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာဌေး