ဗဟန်း နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံ မြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတွင် ယမန်နေ့ နံနက်(၀၆း၃၀)အချိန်မှ(၉း၃၀) အချိန်ထိ လိုင်စင်စီ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ဆန်၊ ဆီ၊ ကြက်ဥတို့အား ဈေးရောင်းကားများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ ဝက်သား(၁)ပိဿာ( ၁၃၀၀၀) နှုန်းဖြင့် ( ၁၀ )ပိဿာ၊ ဆိတ်သား( ၁ )ပိဿာ(၂၃၀၀၀) နှုန်းဖြင့်(၁၀) ပိဿာ၊ အမဲသား(၁)ပိဿာ (၁၃၀၀၀)နှုန်းဖြင့်( ၁၀) ပိဿာ၊ ငါး(၁) ပိဿာ(၉၀၀၀/၆၀၀၀/၅၀၀၀) နှုန်းဖြင့် (၁၂) ပိဿာ၊ ဆီ(၁) ပိဿာ (၄၅၅၀) နှုန်းဖြင့် (၂၂၀) ပိဿာ၊ ကြက်ဥ( ၁၇၅) နှုန်းဖြင့် အလုံး(၂၅၀၀)၊ ဆန်ချော(၅)ပြည်တစ်အိတ် (၁၃၈၀၀) နှုန်းဖြင့် (၂၀)အိတ်၊ ဆန်ကြမ်း (၅)ပြည်တစ်အိတ် (၁၀၀၀၀)နှုန်းဖြင့် (၁၀) အိတ်တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္တာန်ဆေးကုနှင့် သားသတ်ရုံများဌာန သန့်ရှင်းရေးဌာနနှင့် ဈေးများဌာနတို့ ပူးပေါင်း၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချရာနေရာသို့ ကမာရွတ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လာရောက်ကြည့်ရူအားပေးခဲ့ပြီး ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် MASK များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာဌေး(ပြန်/ဆက်)