လမ်းမတော်မြို့နယ်၌ အခြေခံ စားသောက်ကုန်များအား စျေးနှုန်း ချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေး

လမ်းမတော် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ  ယမန်နေ့နံနက် ၉နာရီအချိန်ခန့်က  လမ်းမတော် မြို့နယ်၊ ‌မော်တင်ယာယီဈေးရပ်ကွက်၊ သူနာပြုကမ်းနားဥပစာလမ်း၌ ပြည်သူများထံသို့ အခြေခံစား သောက်ကုန်များကို  စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်၊ လူတစ်ဦးလျှင် စားအုန်းဆီ ၂၅ကျပ်သား ကြက် ဥ(၁၀)လုံးတို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းဇော်လင်း၊  မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်သန်း၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့် လမ်းမတော် မြို့နယ်အတွင်းရှိ (၁၃)ရပ်ကွက် ပြည်သူများထံ အခြေခံစား သောက်ကုန်များကို လက်ဝယ်ရောက်နေ့စဥ် ရောင်းချပေးနိုင်ရေး စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျော်ဆန်းမြင့်