သာကေတ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပထမအကြိမ် ရောင်းချပေးပြီး ဖြစ်ရာ ယမန်နေ့ နံနက်(၉:၀၀)နာရီ၌ ၇/ အနောက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား ဆက်လက် ရောင်းချပေးခဲ့သည်။
အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆီ၊ ကြက်ဥများအား ရောင်းချပေးရာ၌ အိမ်ထောင်စု (၁)စုလျှင် ဆီ ၅၀ကျပ်သားလျှင် ငွေကျပ် ၂၂၂၅ နှုန်းနှင့် ကြက်ဥ ၁ လုံး ငွေကျပ် ၁၇၅ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး (၈၇၅)ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူပေါင်း၍ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ခဲ့ကြပြီး အခြေခံ စားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချရာ၌ စားဝတ်နေရေး အခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများ ကျန်ခဲ့မှုမရှိစေရေးအတွက် စနစ်တကျ ကြီးကြပ်၍ ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)