တွံတေးမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

တွံတေး နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေ၊ နှုတ်ဖြေများကို အခြေခံပညာမူလတန်းနှင့်  အလယ်တန်းအဆင့်  ပြိုင်ပွဲကို Grade-5၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 ထိ အတန်းတစ်တန်းစီတွင် ခေါင်းစဉ်(၆)မျိုး ပေးထားပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများမှ မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြ‌ရပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ (Grade-5)မှ (Grade-9) ထိ ကျောင်းသား၊ ကျောင်းသူ (၉၃)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြ‌ပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၁)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တွံတေးသား