ပင်လောင်းမြို့နယ်တွင် ယာစပါးစံပြကွက်များ ရိတ်သိမ်း

ပင်လောင်း နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းဘူးကျေးရွာအုပ်စု၊ ကော်သရွဲရွာတွင်  ယာစပါးစံပြကွက်များ ရိတ်သိမ်းမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာစပါးစံပြကွက်ရိုက်သိမ်းရာတွင် တောင်သူ ဦးပေါက်၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၂၃၀)၌ မျိုးကွဲကုန်ပြင်-၂ စံပြ စိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်နှုန်း(၆၆)တင်း၊ တောင်သူ ဦးမောင်ရီ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၇၅၀)၌  မျိုးကွဲဘူကျောက် စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်(၆၂)တင်း၊ တောင်သူ ဒေါ်ငွေ၏ ကွင်းအမှတ်(၃၀၅၉) ဦးပိုင်အမှတ်(၃၂၄)၌ ဒေသမျိုးစပါး စံပြစိုက်ပျိုးထားသည့် စပါးတစ်ဧက ပျဉ်းမျှအထွက်နှုန်း(၃၂. ၃၀)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ခွန်အာကာစိုး