မိုးကောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာ စွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးကောင်း နိုဝင်ဘာ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် အထက(၁)ကျောင်းနှင့် အထက-နောင်ကိုင်တော်ကျောင်းတို့၌ ကျင်းပခဲ့သည်။

အင်္ဂလိပ်စာစွမ်းရည်ကို မူလတန်းအဆင့်(၂၈)ဦး၊ အလယ်တန်းအဆင့်(၇၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၀၃)ဦးက အထက(၁)ကျောင်းတွင် လည်းကောင်း၊ သင်္ချာစွမ်းရည်ကို မူလတန်းအဆင့်(၃၉)ဦး၊ အလယ်တန်းအဆင့်(၉၂)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၃၁)ဦးက အထက-နောင်ကိုင်တော်ကျောင်းတွင်လည်းကောင်း ယှဉ်ပြိုင်ဖြေဆိုကြောင်း သိရသည်။

ပြည်နယ်အဆင့် သင်္ချာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်နိုင်ရန် မြို့နယ်အဆင့်ရွေးချယ် ထားကြောင်း၊ ဉာဏ်စမ်း/တွေးခေါ်မှု စွမ်းရည်နှင့် အင်္ဂလိပ်စာစကားပြော ထူးချွန်သောသူများ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)