ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လှည့်လည်ကြည့်ရှု

စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေမြို့၊ ရှုခင်းသာလမ်းနှင့် ပွိုင့်ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လှည့်လည် ကြည့်ရှု အားပေး ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ကမ်းနားလမ်း စာတိုက်ကြီးအနီးနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှေ့ ကမ်းခြေတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်းတလျေှာက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအားလှည့်လည် ကြည့်ရှု အားပေး ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက စစ်တွေမြို့ စစ်တွေမြို့ကမ်းနားလမ်း၊ စာတိုက်ကြီးအနီးမှ စတင်ကာ ကမ်းနားလမ်းတလျေှာက်၊ စစ်တွေပွိုင့်နှင့် ပွိုင့်ကမ်းခြေ၊ စစ်တွေဟိုတယ်ကမ်းခြေတို့တွင်  လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ၊ ပလပ်စတိတ်အိပ်များ၊ ကမ်းခြေအနီးရှိ စွန့်ပစ်အမှိုက်ကို မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေမြို့၊ ကမ်းနားလမ်းစာတိုက်ကြီးအနီးမှ စစ်တွေ ဟိုတယ်ကမ်းခြေအထိ နေရာ ၆ နေရာနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးနေရာတို့တွင် လူဦးရေ ၈၀၀ ကျော်တို့က စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)