မော်လမြိုင်မြို့တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

မော်လမြိုင်  နို၀င်ဘာ  ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာနှင့်မင်းရွာ‌ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

 မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မိမိတို့ ရပ်ကွက်အတွင်းရှိ  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း နယ်မြေဒေသတည်ငြိမ် လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့၊ပြည်သူ့စစ်အဖွဲ့များ၊ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူကုန်ကူးမှု အန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့် နည်းလမ်းများ၊ ပြည်သူ များကျန်းမာရေးအတွက် မိမိတို့ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း   လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနက နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်းကိုင် ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန် ချက်များအကြောင်းကို ဆွေးနွေး ရှင်းပြခဲ့ကြသည်။

ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီး  ဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊  မြို့နယ်မွေး/ကုဦးစီးဌာန၊ မြိုနယ် ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနတာဝန်ခံတို့က ရပ်ကွက်နေ ပြည်သူများမှ တင်ပြ ဆွေးနွေးခဲ့ကြသောကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းဖော်ဆောင်ရေးကိစ္စ၊ ပညာရေးကဏ္ဍ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိရေး၊ လူဦးရေတိုးပွားလာသည့်အတွက် မြေကွက်အသစ်များဖော်ဆောင်ရေးနှင့်စာသင်ကျောင်းအသစ်နှင့် မြေနေရာရရှိစေရေး အကြောင်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် နည်းလမ်းများကို ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်