နေပြည်တော် နိုဝင်ဘာ ၁၉
MSME ထုတ်ကုန်များ ဈေးကွက်ရရှိရေး City Mart၊ နေပြည်တော် Whole Sale နှင့် S&A Distribution တို့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည် တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက MSME လုပ်ငန်းသည်မိမိတို့နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ပါဝင်ပါကြောင်း၊ MSME ထုတ်ကုန်များ ဈေးကွက် ရရှိရေးအတွက် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင် တိုးတက်စေရေးအတွက် တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် City Mart ၊ နေပြည်တော် Whole Sale နှင့် S&A Distribution တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလို သည့် အချက်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ လုပ်ငန်းရှင်များထဲမှ City Mart နှင့်နေပြည်တော် Wholesale တို့တွင် တင်ပို့ရောင်းချမည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန် ပစ္စည်းများ ရောင်းချနိုင်မှု အခြေအနေများကို လစဉ်စာရင်းကောက်ယူ ဆန်း စစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)