ပေါင်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအသိပညာပေး(Talk Show) ဆွေးနွေးပွဲ  ပြုလုပ်

ပေါင်     နိုဝင်ဘာ      ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်၊ မသန်စွမ်းသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၁၁)နာရီက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်- ဒေါ်အိအိခင်က Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မွန်ပြည်နယ်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးစောအောင်သိန်းတင်၊ အဖွဲ့ဝင် ဦးကျော်ဝေလင်း(အလုပ်အမှုဆောင်) ဦးကံထူးအောင်(အလုပ်အမှုဆောင်)၊ ဦးဝေလင်ဦး(အလုပ်အမှုဆောင်)၊ ဦးမြင့်အေး(အလုပ်အမှုဆောင်)တို့မှ  မသန်စွမ်းသူများအသင်းပေါ် ပေါက်လာပုံ၊ မသန်စွမ်းသူများ၏ အမည်နှင့်အဓိပ္ပာယ်၊ မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့်အခြေခံ လွတ်လပ်ခွင့်များနှင့် တန်းတူညီမျှမှုရှိရေး၊ မသန်စွမ်းသူများ၏ ကျန်းမာရေး၊ ပညာရေးနှင့်တားမြစ်ချက် ပြစ်ဒဏ်များ၊ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ပေါ်ပေါက်လာပုံ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)