ပြင်ဦးလွင်မြို့နယ်၊ သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အစားထိုး ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၀- ၂၀၂၁ နှင့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး နှင့် အမှုဆောင် အစားထိုး ရွေးချယ်တင်မြှောက်ခြင်း  အခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု အစည်း အဝေးခန်းမတွင်  ယနေ့နံနက် နာရီချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး  ဦးကျော်မိုးတင့်၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလှိုင်   မြို့နယ်သမဝါယမ ဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်ခင်မိုးကြည်  နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးအောင်တင်နှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်များ၊ အခြေခံသမဝါယမအသင်းများမှ အသင်းဝင် ကိုယ်စားလှယ်များ စုံလင်စွာတက်ရောက်ခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂  မီနီဘတ်ဂျတ်၏ (၁၈) လစာ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများ၊ မြို့နယ် သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကို လည်းကောင်း ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် လုပ်ငန်းအစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေ စာရင်းများကို နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးမှ မှတ်တမ်းတင် အတည်ပြုချက် ရယူပြီးနောက်  အပြေအကြေပေးဆပ်ပြီး တာဝန်ကျေသော အခြေခံသမဝါယမအသင်းများအား အသင်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးဒုတိယပိုင်းတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ သဘာပတိအဖြစ် ဆောင်ရွက်၍ မြို့နယ်သမဝါယမအသင်းစုအတွက် လစ်လပ်သွားသော အမှုဆောင်နေရာအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ် တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)