ဇမ္ဗူသီရိ နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာ အိုင်ပီမျိုးအောင် ရေးသားထားသည့်် “ကျွန်ုပ်နှင့် လောကဓာတ်ကြီးအတွင်းမှ ထူးခြားဆန်းကြယ်ကိုယ်တွေ့ဖြစ်ရပ်မှန် မှုခင်းများနှင့် ထူးထွေသည့် သမိုင်းများ” စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောဦး (ဈာန်_စွမ်းအင်)၊ ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးရန်နိုင်(ခိုင်မင်း-နေပြည်တော်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးကျော်လွင် (မှော်ဝန်း)၊ ဦးအောင်ဝေ (အောင်ဝေ-ညောင်ခြေထောက်)၊ ဦးဌေးအောင် (အောင်ဆွေထက်-ချွေးမြို့တော်)နှင့် စာပေဝါသနာရှင်တို့က “ကျွန်ုပ်နှင့် လောကဓာတ်ကြီးအတွင်းမှ ထူးခြားဆန်းကြယ်ကိုယ်တွေ့ဖြစ်ရပ်မှန် မှုခင်းများနှင့် ထူးထွေသည့် သမိုင်းများ” စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)