ပုသိမ်ကြီးမြို့နယ် အထက(ပုသိမ်ကြီး) ကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပုသိမ်ကြီး နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁) ရပ်ကွက်ရှိ အထက ပုသိမ်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စတင်ကာကျောင်းသန့်ရှင်း သာယာလှပရေးအတွက် မြို့နယ်အဆင့်စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်သည့်နေရာသို့ အမှတ်(၈)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မိုးကျော်ထွန်း ဦးစီး၍တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်(၅၃)ဦး၊ ခရိုင်စီမံအဖွဲ့ဝင်(၁)ဒုဗိုလ်မှူးကြီး မင်းဟိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝေယံမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဒေသခံပြည်သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း(၁၇၈)ဦးဖြင့် ကျောင်းဝန်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို