မုဒုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအကြောင်းသိကောင်းစရာများကို ပြည်သူများ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆွေးနွေးပွဲကျင်းပသည်။

ရှေးဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်း လင်း‌ပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုသတ်မှတ်သည့် နေ့ရက်များနှင့် စတင်ဆောင်ရွက်မှုအကြောင်းအရာများ၊ ၂၀၂၂ ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအားလုံးပေါင်းစုလှုပ်ရှားပေး” ဖြစ်ကြောင်း၊ ကမ္ဘာ့အနယ်နယ် အရပ်ရပ်တွင် အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အကြမ်းဖက်မှုများရပ်တန့်စေရန်အတွက် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ (၁၆)ရက်တာ လှုပ်ရှားမှုများကို ၁၉၉၁ ခုနှစ်မှစတင်ကာ အများပြည်သူစုပေါင်း၍ အသိပညာပေးလှုံဆော်ပွဲများကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် စသည့်အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)