နမ္မတူတွင် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နမ္မတူ       နိုဝင်ဘာ   ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ()နာရီက အမှတ် () အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အဖွင့်အမှာစကားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၇၉ဦး တက်ရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)