ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

ရွှေပြည်သာ  နိုဝင်ဘာ ၁၉

 ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင်အမှတ်(၂၁)ရပ်ကွက်လိန်ကုန်းကျေးရွာကွင်းအမှတ်(၂၈၃)တောင်သူဦးသန်းထွန်း၏တိုက်ရိုက်မျိုးစေ့ချ စိုက်ကွက်()ဧကတွင်GW-11 စပါးအမျိုးအစားအားရိတ်သိမ်းခဲ့ကြောင်း သိရသည်

မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊မြို့နယ်စီမံကိန်း ဦးစီးမှူးဒေါ်နွယ်နီအေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးစပါးရိတ်သိမ်းပွဲတွင် GW-11စပါးအမျိုးအစားအားတိုက် ရိုက်မျိုးစေ့ချစိုက်ပျိုးခဲ့ပြီး ()ဧက လျှင်အစိုထွက်နှုန်း(၁၀၈) တင်းအခြောက်()ဧကလျှင် (၁၀၂)တင်းနှုန်းထွက်ရှိကြောင်း သိရ သည်။

နေမျိုးထွန်း(ရွှေပြည်သာ)