မောင်တော နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊အသိ ပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွွင် ကျင်းပပြုလုပ်ခဲ့သည်။
မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ် အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ မူလတန်း (ထက်ဆင့်) နှင့် အလယ်တန်းဆင့် ကျောင်းသားသူများအား မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ(၅၅)ဦး နှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲဝင်သူ(၆၂)ဦး စုစုပေါင်း (၁၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grade 5 မှ Grade 9 ထိ အတန်းလိုက် တစ်တန်းလျှင် တစ်ဦးစီ ရွေးချယ်၍ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်