မရမ်းကုန်းမြို့နယ်၌ ​ရှေးဦးသူနာပြုစုနည်းအ​ခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂) ဖွင့်လှစ်

မရမ်းကုန်း နိုဝင်ဘာ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ်(/၂၀၂၂)ကို ယမန်​နေ့မွန်းလွဲပိုင်းက က​လေးဝ​တောရ ဘုန်း​တော်ကြီး​ကျောင်း၌ ဖွင့်လှစ်ခဲ့​ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ကြက်​ခြေနီအ​ကြောင်းသိ​ကောင်းစရာ၊ ​ရှေးဦးပြုစုနည်းအ​ခြေခံသ​ဘော တရား၊ လူနာဆန်းစစ်ခြင်း ၊စိတ်ပိုင်းဆိုင်ရာ​ရှေးဦးပြုစုခြင်း၊​သွေးဆုတ်​သွေးလန့်ဖြစ်ခြင်းမူး​ဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ ​အခြေခံအသက်ကယ်      အ​ထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်​ဆောင်နည်းများ အစရှိသည့်အ​ကြောင်းအရာများကို တာဝန်ရှိသူများကသင်ကြား​ပေးခဲ့ရာ သံဃာ​တော်နှင့်သီလရှင်များစုစု​ပေါင်း အပါး(၁၃၀)တက်​ရောက်ခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)