တာချီလိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ လူမှုဝန်ထမ်းဉီးစီးဌာနရုံး၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁  နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာချီလိတ်မြို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်မှ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေး ပြောကြားသည်။ ယင်းနောက်တာချီလိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းများ၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှုနှင့်  ကာကွယ် စောင့်ရှောက်ထားရှိမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အေးအေးလတ်

တာချီလိတ် (ခရိုင်ပြန်/ဆက်)