မိုးညှင်းဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အကျဉ်းသူ (၂၅)ဦး လွတ်မြောက်

မိုးညှင်း နိုဝင်ဘာ ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကျဉ်းဦးစီးဌာန မိုးညှင်းဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့မွန်းတည့် (၁၂)နာရီက အကျဉ်းသား အကျဉ်းသူ (၂၅)ဦး လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်အမှတ်၊ ၇၀/၂၀၂၂ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁(၁)အရ ပြန်လည်လွတ်ပေးရာတွင် မိုးညှင်းဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား(၁၉)ဦး၊ အကျဉ်းသူ(၆)ဦး စုစုပေါင်း (၂၅)ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်နှင့် တာဝန်ရှိသူများက  ဆုံးမဩဝါဒ စကားများ ပြောကြားခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခြင်း၊ ထောင်လွတ်လက်မှတ်နှင့် ခရီးစရိတ် စားစရိတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း