မိုးကောင်းမြို့၌ (၁၀၂)နှစ်မြာက် အမျိုးသားနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဘာလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မိုးကောင်း နိုဝင်ဘာ ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃)နာရီခွဲတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

ချစ်ကြည်ရေးဘောလုံးပွဲစဉ်အဖြစ် မျိုးဆက်သစ်လူငယ်အသင်းနှင့် U16 အသင်းတို့ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် ၂ ဂိုးစီဖြင့် သရေကျခဲ့သည်။

ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို အုပ်စုအသင်း(၁၀)သင်းဖြင့် နိုဝင်ဘာ(၁၆)ရက်မှ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမ ဒူဝါကြီးအသင်း၊ ဒုတိယ သွေးသစ်အသင်းနှင့် တတိယ မျိုးဆက်သစ် အသင်းတို့မှ ရရှိကြသည်။

ဘောလုံးပြိုင်ပွဲမှ ဂိုးအကောင်းဆုံးဆု၊ နောက်တန်း၊ အရှေ့တန်း၊ အလယ်တန်းနှင့် Man Of the Math အကောင်းဆုံးဆုများ၊ ပိုက်ကျော်ခြင်း ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက ဆုအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)