ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိ်နမြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကား စာအုပ်အား ယမန်နေ့မွန်လွဲ (၂) နာရီ က လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အောင်မြင်ကြီးပွားရွှေစကားစာအုပ်သည့် စာပိုဒ်တိုတို ထိထိမိမိနဲ့ရေးဖွဲ့ထားသည့်အတွက် နည်းနည်း ဖတ်ပြီး လေးနက်သောအတွေးများ များစွာရရှိမှာဖြစ်ကြောင်း၊ စာဖတ်ချိန်နည်းသည့် စာပေချစ်မြတ်နိုး သူများ၊ စာအုပ်စာပေများစဖတ်ရန် ခက်ခဲနေသည့်လူငယ်များအတွက် အထူးအဆင်ပြေသော စာအုပ်တစ်အုပ်ဖြစ်ပြီး အောင်မြင်ရေးလမ်းကြောင်း ဖော်ဆောင်ရာ၌ အဓိကအထောက်အကူပြုစေပြီး လူမှုဆက်ဆံရေးများတွင် အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်ရာတွင်လည်း အထောက်အပံ့များစွာ ရရှိမှာဖြစ်ကြောင်းနှင့် အောင်မြင်ကြီးပွားရွှေစကား စာအုပ်ပါ လူဖြစ်မရှုံးစေနဲ့၊ အသုံးချတတ်ပါစေ၊ သည်းခံပါ၊ အလွယ်မကြိုက်နှင့် အကြောင်းပြချက်မထားနဲ့၊ ပြောင်းလဲချိန်တန်ပြီး စသည့်အကြောင်းရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က ကိုယ်သာလျင်အဓိက၊ ကိုယ်ကောင်းရင်ခေါင်းမရွေ့၊ ချဲ့တတ်ချုံ့တတ်ပါစေ၊ ယခုကောင်းမှ နောင်ကောင်းမည်၊ ကိုယ့်ကိုယ်ကိုယ်တွန်းလည်းရွေ့ပါတယ်၊ ကဲ့ရဲ့ခြင်းကင်းဝေးပါစေ၊ မသူတော်ချင်း မကောင်းသတင်းဖြန့်၊ မကောင်းတာကို စိတ်ဝင်စားသူပိုများ၊ ဆင်းရဲခြင်း သံယောဇဉ် ကြိုးကိုဖြတ်ပါ၊ စဉ်ဆက်မပြတ် ကြိုးစားပါ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)