ဆွမ်ပရာဘွမ် နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်၈နာရီက ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌ ကျင်းပသည်။
အခမ်းအနားအား ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက ဗိုလ်ရှုသဘင်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်၍ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကာ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ၌ ဆုရသူ ကျောင်းသား၊ ကျောင်းသူများနှင့်အား ကစားသမားများအား ဂုဏ်ပြုဆုငွေဖြင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်သည်။ အခမ်းအနားအား အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းသီချင်းဖြင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်နှင့် ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့အဖြစ် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်း၊ ဆွမ်ပရာမြို့နယ်အတွင်း ဒေသဖွံဖြိုးရေး မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ဘုတ်ဖြင့် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
April moe(ဆွမ်ပရာဘွမ်)