သာစည်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သာစည် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်၈ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ၂ဝ၂၂ ခုနှစ်၊  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်ကဖတ်ကြားသည်။ ဆက် လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အထက(၁)ကျောင်းသူလေးများက မင်္ဂလာသီချင်းဖြင့် ဖျော်ဖြေသည်။ ဆက် လက်ပြီး ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်ခဲ့သည့် အလယ်တန်းအဆင့်/အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်အား ကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုချီးမြှင့်ကြရာ ပထမဆုကျပ်(၂၀၀၀၀)၊ ဒုတိယဆုကျပ် (၁၅၀၀၀) နှင့်တတိယဆုကျပ်(၁၀၀၀၀)ဖြင့်ကျောင်း သား/သူ(၁၈) ဦးတို့ကို ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး  ကပြဖျော်ဖြေခဲ့ကြသော ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေကျပ်(၆၀၀၀၀)ကို  ချီးမြှင့်ခဲ့ သည်။  ထို့နောက် အထက(၂) ကျောင်းသူလေးများက “အ” အက္ခရာ သီချင်းဖြင့်သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော   နံရံကပ်စာစောင်နှင့်သုတရသစာအုပ်များကို တက်ရောက်လာသူများက စိတ်ဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)