မြေပုံမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပ

မြေပုံ  နိုဝင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ၁၃၈၄ ခုနှစ်၊ တန်းဆောင်းမုန်းလပြည့်ကျော် (၁၀)ရက်နေ့၌ ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို မြေပုံမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ ဘောလုံးကွင်း၌ ယမန်နေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင် လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးဌာနမှဦးဆောင်ကာ ဌာနဆိုင်ရာများပူးပေါင်းပါဝင်လျက် ကျင်း ပသောမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသား/သူများကို ပြိုင်ပွဲ(၁၇)မျိုးဖြင့်ကျင်း ပသည်။ ပြိုင်ပွဲကျင်းပရာ၌ စီမံချက်ပါပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ခံများဦးဆောင်လျှက် ပြိုင်ပွဲတစ်ခုစီအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုတို့ကို အလယ်တန်းနှင့် မူလ တန်းအဆင့် ကျောင်းသား/သူများသို့ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တင်ဝင်း