မလှိုင်မြို့၌ (၁၀၂)နှစ်မြောက်၊ “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပ

မလှိုင်   နိုင်ဝင်ဘာ ၁၈

၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်()နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများမှ ဇာတိမာန်သီချင်း၊ ထိုသုံးပါးသီချင်း၊ ကောင်းသောပညာသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခြေခံပညာအဆင့်ကျောင်းပေါင်းစုံမှ ကျင်းပပြုလုပ်သော မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂)ဦးအောင် ကျော်သူ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်၊ အတွင်းရေးမှူး ရဲမှူး သိန်းဇော်၊ မြို့နယ်ပညာရေးမှူး ဦးရွှေမိုးနှင့် တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်းသူတို့အား ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသောသတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ် ပိုစတာများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)