ကျောက်ဖြူ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက်၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ ကျောက်ဖြူမြို့မဈေးကြီးရှေ့ တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးသန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်၊ ခရိုင်/ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ် မျိုးသီဟ ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များက လူသွားလူလာများသည့် ကျောက်ဖြူမြို့မစည်ပင်သာယာ ဈေးကြီးရှေ့သို့ သွားရောက်ပြီး ၎င်းဈေးကြီးရှေ့၌ ဖြတ်သန်းမောင်းနှင်လာသည့် အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ဆိုင်ကယ်ယာဉ်မောင်းများကို ဈေးရှေ့ဆိုင်ကယ်၊ ဘေးတွဲများ ရပ်တန့်ထားသည့်အခါတွင် သတ် မှတ်နေရာများ၌သာ ရပ်တန့်ထားရှိရန်၊ အရည်အသွေးမြင့်သော ဆိုင်ကယ်ဦးထုပ်များ သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်၊ နှစ်ဦး ထက်ပို၍ သယ်ဆောင် မောင်းနှင်ခြင်းမပြုကြရန်၊ ရှေ့မီးအနိမ့်ဖွင့်၍ နေ့ရောညပါမောင်းနှင် ကြရန်၊ ဆိုင်ကယ်အား စက်သံဆူညံစွာ မောင်းနှင်ခြင်းမပြုကြရန်၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ် စေရန်အတွက်ယာဉ်ကြော ပိတ်ဆို့မှုအချက်ပြစနစ်(သို့) မီးပွိုင့်အချက်ပြမီးစနစ်များနှင့် ယာဉ် အန္တရာယ်ကင်းရှင်းရေး စသည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများကို လိုက်နာကြရန် အသိပညာပေးများဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)