မြောက်ဥက္ကလာပမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဂုဏ်​ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ခရေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်အတွင်းရှိ ၂၀၂၂ ခု နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၂၀၆)ဦးအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့်ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းများမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)