မိုင်းယု နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပြည်မြန်မာ”သီချင်း အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ် အခမ်း အနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် “အမျိုးသားအောင်ပွဲနေ့”ဖြစ်ပေါ်လာပုံ သမိုင်းကျဉ်းတို့ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး (၁၀၂)နှစ် မြောက် “အမျိုးသားအောင်ပွဲနေ့”အထိမ်းအမှတ် စာစီစာ ကုံး၊ ကဗျာရွတ်၊ ကျပန်း၊ ဘတ်စကတ် ဘော၊ ထုပ်စီးထိုး၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲ တို့မှ ဆုရရှိသည့် ကျောင်းသား/သူများကို မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဆုရရှိသည့် ကျောင်းသား/သူများမှ ကဗျာရွတ်ပြခြင်းနှင့် ကျပန်းစကား ပြန်လည်ပြောကြား တင်ဆက်ပြကာ အခမ်းအနားကို “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ ရုတ်သိမ်းခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်