ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်    နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ယနေ့နံနက် ၉နာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှုနဲ့ စီမံခြင်း”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “လူဆိုသည် ဖမှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုရတီကျော်က “ခေါင်းဆောင်မှုနဲ့ စီမံခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဉာဏ်ထက်အောင်က “တန်ဖိုးရှိတဲ့ ဘဝ” မခိုင်သဇင်ဇော်က “စိတ်အလှကိုပြကြပြိုင်ကြပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်မှုနဲ့စီမံခြင်း” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့်အတူ Grade-9 ကျောင်းသားကျောင်းသူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)