မိုးကုတ် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီအချိန်က မိုးကုတ်မြို့၊ အထက(၁)ကျောင်းရှိ မြသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက(၁)ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများမှ မြန်မာပြည်သား သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်ကဖတ်ကြားခြင်း ၊ အထက(၃)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ ဇာတိမာန် တေးသီချင်းဖြင့် ဖျော်ဖြေသီဆိုခြင်း ၊ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့်
စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့မှ ဆုရကျောင်းသား၊ကျောင်းသူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိန်ပြည့်ဦးမှဆုချီးမြှင့်ပေးခဲ့ပြီး မြို့နယ်အဆင့် အားကစားပြိုင်ပွဲများမှ ဆုရကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများမှ ဆုများအသီးသီးချီးမြင့်ခဲ့ရာ အမကအောင်နန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ ထာဝရသစ္စာ တေးသီချင်းဖြင့် လည်း ကောင်း၊ အလကရှမ်းတောကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှပြည်ထောင်စုအင်အား တေးသီချင်းဖြင့် လည်းကောင်း၊အမကတောင်ကချင်ကျောင်းမှ ကျောင်းသူလေးများမှ နွေမိန်တပေါင်းတေး သီချင်းဖြင့်လည်းကောင်း အသီးသီးကပြ ဖျော်ဖြေခဲ့ပြီး၊ အထက(၃)ကျောင်းမှ ကျောင်းသူလေးများမှ ထာဝရ တေးသီချင်းဖြင့် သရုပ်ဖော်ကပြ၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာမှူးနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်း သားမိဘများတက်ရောက်ခဲ့ရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)