ဝမ်းတွင်းမြို့၌ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ဝမ်းတွင်း   နိုဝင်ဘာ    ၁၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်သဲတော-ဝမ်းတွင်း အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြား ဖခန်းမတွင် ၂၀၂၂ခုနှစ်၊   နိုဝင်ဘာ(၁၇) ရက်နေ့တွင် ကျ‌ရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) ဖနာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက  “မြန်မ့ာကြွေးကြော်သံ” သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး   ပြည်ထောင်စုသမ္မတ    မြန်မာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် ဖအုပ်ချုပ်ရေးမှူး  ဦးရဲမြင့်သိန်းက ဖတ်ကြားခဲ့သည်။

ဆက်လက်၍“အမျိုးသားအောင်ပွဲနေ့မှသည် အနာဂတ်ဆီသို့ စည်းလုံးညီညွတ်ရန် ကြိုးစားကြပါစို့” ခေါင်းစဉ်ဖြင့်Grade -11  ကျောင်းသား မောင်သူထူးစံမှ ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်အဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ဗဟိုအဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ဆုရရှိသူများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။

ထို့နောက် ဗဟိုအဆင့် မြန်မ့ာရိုးရာ ဆိုကရေးတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သောမောင်အောင်ဂျွန်ဖြိုးက“ဆုတောင်းပါလေ အိမ်သူဆွေ “သီချင်းနှင့်” ဂီတဗိမ္မာန်သီချင်းကိုလည်းကောင်း၊ ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်” သီချင်းတို့ဖြင့်လည်းကောင်း သီဆိုဧည့်ခံ ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာသူများကမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲတို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေး အသင်းအဖွဲ့ဝင်များ၊  လုပ်ငန်းရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)