မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ချမ်းမြသာစည် နို၀င်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာကော်မတီ၀င်များက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကိုလည်းကောင်း၊ ကော်မတီမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းမှုများအပေါ် ကော်မတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဇော်၀င်းကျော်နှင့် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့၀င်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)