ရမည်းသင်းအကျဉ်းဦးစီးဌာနတွင် ပြစ်ဒဏ်ခံရသူအချို့ကိုပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရမည်းသင်း   နိုဝင်ဘာ  ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ(၁၇)ရက်နေ့ကျရောက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဂုဏ်ပြုသောအားဖြင့် အမိန့်အမှတ်(၇၀/၂၀၂၂)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ၊ ရမည်းသင်းမြို့၊အောင်မင်္ဂလာရပ်ကွက်ရှိ ရမည်းသင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၁၂)နှင့် အမိန့် အမှတ် (၇၁/၂၀၂၂) ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်အရ တစ်ဦးတို့အား လွတ်ငြိမ်းခွင့်ပေးပွဲ အခမ်းအနားကို ရမည်းသင်းအကျဉ်းထောင်ဝန်းရှိ ရိပ်သာ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေဦးစွာ ရမည်းသင်းအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးကျော်သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အား ဖတ်ကြားပြီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းဝင်းစိုးတို့က လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဥ်း သားများကို ဆုံးမဩဝါဒစကားပြောကြားပြီး ထောင်တာဝန်ခံအရာရှိက လွတ်မြောက်ခွင့်ရရှိသူများကို ခရီးစရိပ်ငွေ၊ ခံစားခွင့်တို့ကို ထုတ်ပေးခဲ့ရာလွတ်မြောက်ခွင့်ရ အကျဥ်းသားများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများကို ယနေ့နံနက်(၁၀)နာရီခွဲကစတင်ကာ အကျဉ်းသား (၁၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရနောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၊ ၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက် လက် ကျခံပါမည်ဟူသော စည်းကမ်းချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း ရမည်းသင်းအကျဉ်းဦးစီးဌာနက သိရသည်။

ခရိုင်(ပြန်/ဆက်)