သုံးခွ နို၀င်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်၀န်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှပေးပို့သောသ၀ဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ကဖတ်ကြားသည်။ ထို့နောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီဆုရကျောင်းသား/သူ ၆ ဦးတို့အား တာ၀န်ရှိသူများ က ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား သော စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုပြသခဲ့ရာ နံရံကပ်စာစောင်ပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ရောဂါ အသိပညာပေးနံရံကပ်စာစောင်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ် များနှင့် လူကုန်ကူးမှုတိုက်ဖျတ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ် ပြပွဲတွင် ဗဟုသုတရဖွယ် စာအုပ်စာစောင်များကို တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း