လွိုင်လင် နိုဝင်ဘာ ၁၈
၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပသည်။
အစီအစဉ်အရ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ဖတ်ကြားပါသည်။ ထို့နောက် ပန်းချီ ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ဇေမင်းက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကိုလည်းကောင်း ၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှလည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ တွင် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကို (မြို့နယ် ပညာ/ကျန်းမာကော်မတီ ဦးသောင်းမှလည်းကောင်း ၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကို ဦးအေးကြူနှင့် ဦးထွန်းရွှေမှလည်းကောင်း ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကို ခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်အေးနှင့် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးတို့မှလည်းကောင်း ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား/သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးအပ်ကြသည်။ ယင်းနောက် အထက(၁) ကျောင်းသား/သူလေးများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/မများ ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)