ထန်းတပင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၈

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက် ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ..က(ထန်းတပင်) ခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာကျောင်းသား၊ကျောင်းသူကလေးငယ်များက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ​ပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး က ဖတ်ကြားခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)