မဟာအောင်မြေ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် အ.ထ.က(၁၃) ကျောင်းသား/သူများက အခမ်းအနားအားသီဆိုဖွင့်လှစ်ခဲ့ပြီး မဟာအောင်မြေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် မြို့နယ်အဆင့်အမျိုးသားနေ့အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရဲမှူးအောင်ကျော်ဦး၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ပညာရေးမှူးဦးလှမြင့်တို့မှ ဆုရ ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပြီးနောက် အ.ထ.က(၁၃) ကျောင်းသား/သူလေးများက ပြည်မြန်မာသီချင်းဖြင့် ထပ်မံသီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို မဟာအောင်မြေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ရဲမှူးဦးအောင်ကျော်ဦး၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူမိဘများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း