ညောင်ဦးမြို့၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ညောင်ဦး နိုဝင်ဘာ ၁၈

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်၊ ကြာသပတေးနေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။     

အမျိုးသားနေ့အောင်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက်၊ အ မျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းနားသို့ ပေးပို့သည့်သဝဏ်လွှာအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှဖတ်ကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကာ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ ပြည်မြန်မာသီချင်းဖြင့်သီဆိုဖျော်ဖြေ၍ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ