မြစ်ကြီးနား နိုဝင်ဘာ ၁၈
လူငယ် ၁၀၀ မေခွန်း ၁၀၀ အဖြေ ၁၀၀ စာအုပ်ဖြင့် ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆု (လူငယ်စာပေဆု) ချီးမြင့်ခံရသည့် စာရေးဆရာ အကြီးကိုကို (ကသာ) အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးနှင့် မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာရန်နိုင်ဘုန်းမြင့်တို့က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌက ဂုဏ်ပြမှတ်တမ်းလွှာပေးအပ်ရာ စာရေးဆရာ အကြီးကိုကို(ကသာ)မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်စာရေးဆရာများက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာစန္ဒာလွင်က အကြီးကိုကို စာကြည့်တိုက်ဖောင်ဒေးရှင်းအတွက် သုတ ရသ စာအုပ်များကို လှူဒါန်းပေးအပ်ရာ ဆရာအကြီးကိုကို (ကသာ)မှ လက်ခံရယူကာ တက်ရောက်လာသူများအား အမျိုးသားစာပေဆု (လူငယ်စာပေဆု)ရ စာအုပ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)