နွားထိုးကြီး နိုဝင်ဘာ ၁၈
မြင်းခြံခရိုင်၊ နွားထိုကြီးမြို့တွင်(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကအခြေခံပညာအထက် တန်းကျောင်း၊ အောင်သူရိန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးမှ ဖတ်ကြားပြီး၊(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ် တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ကဗျာပြိုင်ပွဲ ဆုရ ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်ကလေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်